မုဒုံ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ ၄ ဦး ထက်မနည်းဒဏ်ရာရ

မုဒုံ – ဒီဇင်ဘာ(၅) မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီဇင်ဘာ (၅) ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပြီး ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၁၀ နာရီအချိန်လောက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ရုံးထဲ ရှိနေချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။…